မြစ်ချောင်းများ ပြန်လည်ထူထောင်ရေး နှိုးဆော်ချက်


တရားမျှတပြီး ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးအတွက် မြစ်ချောင်းများ၊ ရပိုင်ခွင့်များကို မဖြစ်မနေ ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်

 

မြစ်ချောင်းများ ပြန်လည်ထူထောင်ရေး နှိုးဆော်ချက်


တရားမျှတပြီး ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးအတွက် မြစ်ချောင်းများ၊ ရပိုင်ခွင့်များကို မဖြစ်မနေ ကာကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုချက်

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်သူ့ကျန်းမာရေးနှင့် စီးပွားရေး အကျပ်အတည်းဆိုက်ပြီး ကမ္ဘာအနှံ့ လူပေါင်းများစွာ ဒုက္ခရောက်နေကြပါသည်။ နောက်ချန်ဖယ်ကြဉ်ခံရသော၊ ထိခိုက်လွယ်သော အုပ်စုများမှာ အများဆုံး ဒုက္ခခံကြရပါသည်။ အဆိုပါ အကျပ်အတည်း များကြောင့် လက်ရှိ စီးပွားရေး၊ စွမ်းအင်နှင့် အစားအစာစနစ်တို့တွင် များစွာ ပြောင်းလဲလာသည့် တုန်လှုပ် ချောက်ချားဖွယ်ရာ အခြေအနေများသည် တုံ့ပြန်ဆောင်ရွက်မှု အပြောင်းအလဲ ကိုလည်း လိုအပ်နေကြာင်း ပြသ နေပါသည်။ ကျယ်ပြန့်စွာ ဖြစ်ပွားနေသော စီပွားရေးချွတ်ခြုံကျမှု၊ အငတ်ဘေး၊ အလုပ်လက်မဲ့ပြဿနာ၊ ပတ်ဝန်းကျင် ပျက်စီးမှုတို့ကို ဖြေရှင်းရန် လူမှုတရားမျှတမှုနှင့် ဂေဟစနစ်တည်တံ့မှုကို ဗဟိုပြု၍ ပြုပြင်ပြောင်းလဲရေးကို စတင်ရန် လိုအပ်လာပြီ ဖြစ်ပေသည်။ 

မြစ်ချောင်းနှင့် ရေချိုဂေဟစနစ်တို့သည် ကိုဗစ်အလွန်ကာလတွင် ကမ္ဘာ့ စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် အသက်သွေးကြောတမျှ အရေးကြီး လှပါသည်။ မြစ်ချောင်းများသည် သဘာဝဂေဟစနစ်များကို အားကောင်းစေရန် ပံ့ပိုးသည့်အပြင် ဝင်ငွေနိမ့်နှင့် အလယ်အလတ် ဝင်ငွေရရှိသည့် နိုင်ငံများမှ ဆင်းရဲနွမ်းပါးသူများ၊ ထိခိုက်လွယ်သူများအတွက် စီးပွားရေးတည်ငြိမ်မှုကို ကွန်ချာတစ်ခုသဖွယ် အကာအကွယ်ပေးပါသည်။ ကမ္ဘာမြေ၏ အသက် သွေးကြောများဖြစ်သည့် မြစ်ချောင်းများကို မျိုးဆက်ပေါင်းများစွာ ဆည်၊ တာတမံများ တည်ဆောက်ခြင်း၊ မြစ်ကြောင်းပြောင်းလဲခြင်း၊ ညစ်ညမ်းစေခြင်း တို့ ပြုလုပ်ခဲ့ကြသည့်အတွက် လူပေါင်းများစွာနှင့် သက်ရှိတို့၏ ကမ္ဘာမြေပေါ် ရှင်သန်ရပ်တည်မှုစနစ်များတွင် ကပ်ဆိုးကြီးတစ်ခု ကျရောက်သည့် အခြေအနေ အထိ ပေးဆပ်ခဲ့ရပြီးဖြစ်ပါသည်။ ယခုအခါ ရေချိုနေသတ္တဝါမျိုးစိတ် သုံးမျိုးတွင် တစ်မျိုးသည် မျိုးသုဉ်းသွားခြင်း ပြဿနာကို ရင်ဆိုင်နေရသည်။

ယနေ့ကြုံတွေ့နေရသော ကမ္ဘာ့ကပ်ရောဂါသည် လက်ရှိစနစ်ထဲမှာပင် မညီမျှမှုများစွာ၊ စိန်ခေါ်မှုများစွာ ရှိနေကြောင်း မီးမောင်းထိုးပြနေပါသည်။ သမိုင်းကြောင်းတစ်လျှောက် ပျက်စီးလာခဲ့သော ကျွန်ုပ်တို့၏ မြစ်ချောင်းများနှင့် ရေချိုစနစ်များကို အနာဂတ်တွင် ပြုပြင်ပြောင်းလဲရန် အခွင့်အရေးကိုလည်း ပေးအပ်နေပါသည်။ ကျွန်ုပ်တို့၏ သဘာဝ စနစ်များကား ကမ္ဘာပေါ်ရှိ သက်ရှိတို့ဘဝအတွက် မရှိမဖြစ်လိုအပ်ပါသည်။ သို့သော် ၎င်းတို့အား နှစ်ပေါင်းများစွာ တန်ဖိုးမထားဘဲ လိုသလို အသုံးပြုခဲ့ကြပြီး အခွင့်ထူးခံ လူနည်းစုအကျိုးအတွက် “ဖွံ့ဖြိုးတိုးတက်မှု” အမည်ခံကာ အမြတ်ထုတ် အသုံးချခဲ့ကြပါသည်။ ဤသို့သုံးစွဲခြင်းမှာ ရေရှည်မတည်တံ့နိုင်သော လမ်းကြောင်းဖြစ်သည်ဟု တစ်ကမ္ဘာလုံးက နားလည်လာကြသည်။

မြစ်ချောင်းများကို အသုံးချစီမံခန့်ခွဲမှုနဲ့ ပတ်သက်၍ အယူအမြင်သစ်ရှိရန်မှာ အရေးကြီးလှပါသည်။ မြစ်ချောင်းများကို သက်ရှိဘဝများနှင့် ပြည်သူ့ ကျန်းမာရေးတို့အတွက် အစားထိုးမရသည့် ရေအရင်းအမြစ်များအဖြစ် ကာကွယ်ပေးရမည်သာမက ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ကြွေးတင်ပြီး လူမွဲနိုင်ငံများ ဖြစ်မလာစေရန် ဟန့်တားနိုင်ရန်အတွက် တရားမျှတ သော စွမ်းအင်အကူးအပြောင်းကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပြီး ရာသီဥတုကပ်ဘေးကို ထိထိရောက်ရောက် အံတုရင်ဆိုင်နိုင်အောင် လုပ်ဆောင်ရပါမည်။ ဝင်ငွေနိမ့်နိုင်ငံများနှင့်၊ အလယ်အလတ်အဆင့် ဝင်ငွေရနိုင်ငံများတွင် လတ်တလော၌ တာတမံများတည်ဆောက်ခြင်းကို အရှိန်အဟုန်မြှင့် တွန်းအားပေးဆောင်ရွက်နေမှုသည် အဆိုပါလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေပြီး ၎င်းမှာ “စိမ်းလန်းသော” စီးပွားရေး ပြန်လည်ထူထောင်မှု အမည်ခံကာ ရေအားလျှပ်စစ်လုပ်ငန်းကို မြှင့်တင်နေသည့် မှားယွင်းသော စွမ်းအင်ဖြေရှင်းချက်တစ်ရပ်ဖြစ်သည်။

စီးပွားရေးပြန်လည်ထူထောင်မှုအတွက် လမ်းမှားတစ်ခုမှာ ကြွေးမြီများစွာ ကြောင့် ရုန်းကန်နေရသည့် နိုင်ငံများအတွက် အကြွေးပေါ် အကြွေးဆင့်စေခြင်း၊ ရှားပါးသည့် ရန်ပုံငွေများကို ပိုမိုကောင်းမွန်သော နည်းလမ်းများအတွက် အသုံးမပြုဘဲ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေဟန် ဝါဒဖြန့်သည့်” ဖြေရှင်းချက်များကို ဦးစားပေးခြင်း၊ ရေကာတာကြီးများနှင့် ရုပ်ကြွင်းလောင်စာများကဲ့သို့ ပတ်ဝန်းကျင် ထိခိုက်စေသော စီမံကိန်းများဖြင့် ရေးဆွဲတည်ဆောက်ထားသော ပင်မဓာတ်အားလိုင်းကြီးများကို မြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လူမှုအကာအကွယ်များကို အားနည်းစေခြင်းနှင့် ရေချို အလွဲသုံးစားပြုမှု ဆက်လက်ဖြစ်ပွားနေခြင်းတို့ဖြစ်ပါသည်။

ရေအားလျှပ်စစ်ထုတ် ဆည်တမံများသည် မှားယွင်းသော ဖြေရှင်းချက်ဖြစ်ပြီး စိမ်းလန်းသော ပြန်လည်ထူထောင်ရေးကို မဖြစ်ပေါ်စေနိုင်ဘဲ ပတ်ဝန်းကျင်နှင့် လူမှု ဂယက်ရိုက်ခတ်မှုများစွာ ဖြစ်စေသည်။ ဆန့်ကျင်ဘက်အနေဖြင့် နေစွမ်းအင်နှင့် လေစွမ်းအင်သုံး နည်းပညာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကုန်ကျစရိတ်သက်သာပြီး လျင်မြန်ထိရောက်စွာ အသုံးပြုနိုင်ကာ စီးပွားရေး ပြန်လည်ထူထောင်မှုတွင် ငွေကြေးကုန်ကျမှု မရှိဘဲ အလုပ်အကိုင်များ ဖန်တီးပေးနိုင်သည်။ ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု ပြန်လည် တည်ထောင်ရန်အလို့ငှာ စီးပွားရေး ထောက်ပံ့ငွေများသည် သက်ဆိုင်မှုမရှိဘဲ ငွေကြေးထောက်ပံ့မှု လျင်မြန်စွာ ဆုံးရှုံးနေသည့် ပတ်ဝန်းကျင်ထိခိုက်စေသော လုပ်ငန်းများအတွက် ချေးငွေ ထုတ်ပေးခြင်းထက် ရပ်ရွာလူထု အခွင့်အရေးများနှင့် ပါဝင်ဆောင်ရွက်မှုကို ဦးစားပေးသည့် ထိခိုက်လွယ်သော လူထုများ၊ ဂေဟစနစ်များကို အကျိုးပြုသည့် ထိခိုက်မှုနည်းပါးသော နည်းပညာများတွင် ရင်းနှီးမြှုပ်နှံသင့်ပါသည်။

ရာသီဥတုဆိုင်ရာ တရားမျှတမှုတွင် အခြေတည်၍ အကျိုးအမြတ်ရရှိရန်နှင့် စီးပွားရေး ဖွံ့ဖြိုးစေရန်အတွက်ဟုဆိုကာ မြစ်ချောင်းများကို တာတမံများ တည်ဆောက်ခြင်း၊ ညစ်ညမ်းစေခြင်းထက် ဇီဝမျိုးကွဲစုံလင်မှု၊ ရေထောက်ပံ့မှု၊ အစားအစာထုတ်လုပ်မှု၊ ဌာနေတိုင်းရင်းသားများနှင့် အခြားယဉ်ကျေးမှုအရ ကွဲပြားစုံလင်သည့် ကမ္ဘာတစ်ဝန်းမှ ပြည်သူများကို ပံ့ပိုးပေးနေသည့် အရေးပါသော အသက်သွေးကြောများအဖြစ် မြစ်ချောင်းများကို ကာကွယ်ပေးမည့် ပြန်လည်ထူထောင်ရေးကို ကျွန်ုပ်တို့က လိုလားပါသည်။


ကျွန်ုပ်တို့အနေဖြင့် အောက်ပါတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သည့် စိမ်းလန်းသော စီးပွားရေး ပြန်လည်ထူထောင်မှုကို လိုလားပါသည်။

1. 2017_isimba_dam_doc_106.jpg

ရေရှည်တည်တံ့ခိုင်မြဲ၍ မျှတသော စီးပွားရေး ပြန်လည်ထူထောင်မှုဆီသို့ အရေးပါသော ခြေတစ်လှမ်းအဖြစ် ရေအားလျှပ်စစ်ထုတ် တာတမံသစ်များ ဆောက်လုပ်ခြင်းကို တရားဝင်ဆိုင်းငံ့ထားခြင်း။* ဤသို့ပြုလုပ်ရာတွင် ရေချိုဂေဟစနစ်များနှင့် ၎င်းတို့အပေါ် မှီခိုနေသည့် ရပ်ရွာလူထု၏ အသက်မွေး အလုပ်အကိုင်များ၊ စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကာကွယ်နိုင်ရန်အတွက် စွမ်းအင်စနစ်များနှင့် ပိုက်လိုင်း သွယ်တန်းခြင်း စီမံကိန်းများအတွက် ပြီးပြည့်စုံသော သုံးသပ်ချက် တစ်ခုလည်း ပူးတွဲပါရှိသင့်သည်။

*၎င်းတွင် ဒေသခံ ရပ်ရွာလူထုများ၏ ရေအားလျှပ်စစ်ထုတ် အငယ်စားစက်ရုံ (ထုံးစံအားဖြင့် ၅၀၀၀၀၀ ဗို့အားအောက် လျော့နည်းသည်) နှင့် အသေးစားစက်ရုံ (၁၀၀၀၀၀ ဗို့အောက်လျော့နည်းသည်)၊ ရှိပြီးသား ဆည်မြောင်းများကို ပြင်ဆင်ပြုပြင်သည့် စီမံကိန်းများ၊ ရေလှောင်ကန်များ၊ ဓာတ်အားပေးစက်များနှင့် ဆည်များ၊ သဘာဝရေကို လှောင်ကန်အဖြစ် အသုံးမပြုသည့် ပြင်ပရေနှင့် ချိတ်ဆက်မှုမရှိသော ရေအားလျှပ်စစ်စနစ် (closed-loop pumped hydro reservoirs) များမပါဝင်ပါ။

4.+Solar-salesman-in-Kenya.-1-720x960.jpg

လူမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဖြစ်မြောက်စေရန် မူဝါဒများချမှတ်ခြင်းအပြင် ရေအားလျှပ်စစ် မဟုတ်သည့် ပြည့်ဖြိုးမြဲစွမ်းအင်များနှင့် စွမ်းအင်သိုလှောင်မှုတို့တွင် ရင်းနှီးမြှုပ်နှံမှုကို အရှိန်အဟုန်မြှင့်တင်ခြင်း။ ရင်းနှီးမြှုပ်နှံမှုသည် ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများကို စတင်အကောင်အထည်ဖော်ခြင်း၊ ဗဟိုဦးစီးနှင့် ဖြန့်ကျက်ချိတ်ဆက်မှုတို့ကို စတင်ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးခြင်း၊ စွမ်းအင်မလုံလောက်မှု ကြုံတွေ့နေရသူများအတွက် ကုန်ကျစရိတ်သက်သာ၍ ပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှုတို့ကို့ ပြုလုပ်ပေး သင့်ပါသည်။ အစိုးရများအနေဖြင့် ဒေသအခြေပြု ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးတွင် ထုတ်လုပ်မှုလုပ်ငန်း မစတင်မီ တန်ဖိုးကွင်းဆက်၌ ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင့်သည့် ထောက်ပံ့ကြေးနှင့် ထောက်ပံ့ငွေများ ပေးနိုင်သည်။

6.+kariba_dam.jpg

ဆည်သစ်များ တည်ဆောက်မည့်အစား ရှိပြီးသား ရေအားလျှပ်စစ် စီမံကိန်းများ ပို၍ ထိရောက်အကျိုးရှိစေရန် အဆင့်မြှင့်တင်ခြင်းများ။ ၎င်းတွင် တာဘိုင်များ ပြောင်းလဲတပ်ဆင်ခြင်း၊ ရေစုပ်ယူ၍ စွမ်းအင်သိုလှောင်ကာ ရေအားလျှပ်စစ်ထုတ်လုပ်ပေးမှု (pumped storage) အဆင့်မြှင့်တင်ခြင်း၊ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင်များ အသုံးပြုထုတ်လုပ်သည့် ဓာတ်အားဖြန့်ဖြူးရေး နည်းလမ်းများ (grid-integration) နှင့် တစ်ပြိုင်နက် စွမ်းအင်ပုံစံနှစ်မျိုး ထုတ်လုပ်ခြင်းကဲ့သို့ အခြားစွမ်းအင်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတို့ ပါဝင်နိုင်သည်။ အဆင့်မြှင့်တင်မှုများ ပြုလုပ်ရာတွင် ခိုင်မာသော နစ်နာကြေးပေးခြင်းနှင့် လျော်ကြေးပေးခြင်းတို့ဖြင့် ရေချိုဂေဟစနစ်များနှင့် ဒေသခံတို့၏ အသက်မွေးအလုပ်အကိုင်များအပေါ် ထိခိုက်မှု လျော့နည်းစေရန် လုပ်ငန်းအဆင့်များ ခိုင်ခိုင်မာမာ ထားရှိပေးသင့်သည်။ တည်ဆောက်ပြီးသား ဆည်များ၏ လူမှုနှင့် ပတ်ဝန်းကျင်အပေါ် ဆိုးရွားစွာ ဂယက်ရိုက်ခတ်မှုများကို ထိရောက်စွာ မလျှော့ချနိုင်ပါက ဆည်များကို ဖယ်ရှားခြင်းနှင့် မြစ်ချောင်းများ မူလအတိုင်း ပြန်လည် ဖြစ်ထွန်းလာစေရန် ထိန်းသိမ်းပြုပြင်ခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။

Zambezi-fisherman.jpg

ရေချိုကာကွယ်ရေး ဥပဒေများအပြင် ရေချိုဂေဟစနစ်များနှင့် ဇီဝမျိုးကွဲစုံလင်မှုကို ကာကွယ်ထိန်းသိမ်းသည့် အစိမ်းရောင် အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံမှု။ ဒေသခံရပ်ရွာလူထု အတွက် ဂေဟစနစ် ဝန်ဆောင်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ အပေါ် ဦးစားပေးဆောင်ရွက်ရန် အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ၊ ဌာနေ တိုင်းရင်းသားနှင့် ရပ်ရွာလူထုအတွင်းရှိ ရေသုံးစွဲသူများအကြား အပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်ပေးရမည်။ အစိမ်းရောင် အခြေခံအဆောက်အအုံနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ အကာအကွယ်ပေးမှုများနှင့် ကိုက်ညီရမည်။ ဌာနေတိုင်းရင်းသားနှင့် အခြားမိရိုးဖလာ ရပ်ရွာလူထု၏ အခွင့်အရေးများမှစ၍ လွတ်လပ်သော၊ ဦးစားပေးသော၊ ကြိုတင် အသိပေးထားသော ညှိနှိုင်းဆောင်ရွက်မှုနှင့် သဘောတူညီချက်များ ဖြစ်စေရန်လည်း အလေးထားဆောင်ရွက်ရမည်။

sere-wind-farm-eskom.jpg

စွမ်းအင်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အကျိုးဖြစ်ထွန်းမှုအတွက် ရင်းနှီးမြှုပ်နှံမှု၊ လိုအပ်ချက်အရ အားလုံးပါဝင်သော ပုံစံငယ်ရေးဆွဲခြင်း၊ စနစ်တကျ ဖြန့်ကျက် စွမ်းအင်ပေးခြင်း နည်းလမ်းများ၊ စွမ်းအင်ရင်းမြစ်နှင့် အမှန်တကယ်အသုံးပြုသူများအနီးတဝိုက်တွင် တည်ရှိသည့် အသေးစားဓာတ်အားပေးရုံများကို အလေးပေးသည့် စွမ်းအင်ဖွံ့ဖြိုးရေး စီမံချက်သစ်များ။ ရပ်ရွာအတွင်း လျှပ်စစ် ဓာတ်အားပေးရုံထားရှိမှုနှင့် လူအများ စွမ်းအင်ရရှိနိုင်မှုအတွက် ချဲ့ထွင်လုပ်ဆောင်ပေးခြင်းကိုလည်း အဓိကထားဆောင်ရွက်ပေးရမည်။ အစိုးရများအနေဖြင့် ကုန်ကျစရိတ်များ၍ အချိန်ကြာမြင့်သော ရေအားလျှပ်စစ် စီမံကိန်းများကို ရပ်တန့်သင့်သည်။ ၎င်းအစား စွမ်းအင်စီမံချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်၍ လျှပ်စစ်ရရှိရေး အခြားနည်းလမ်းများကို ဖော်ထုတ်သင့်ပါသည်။ စီမံကိန်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း အဆင့်အားလုံးတွင် ပွင့်လင်းမြင်သာမှုနှင့် အများပြည်သူပါဝင်မှု ရှိရမည်။

fish%2Bin%2BBhutan%2B%2B2018%2BDay%2Bof%2BAction%2Bfor%2BRivers..jpg

စီးပွားရေးထောက်ပံ့ငွေနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များတွင် ကာကွယ်ထားသော ဒေသများအတွက် ဘေးကင်းလုံခြုံရေးများ။ ၎င်းတွင် ကာကွယ်ထားသည့် နေရာများ၊ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ထိခိုက်လွယ်သော သတ္တဝါမျိုးစိတ်များ၊ လွတ်လပ်စွာ စီးဆင်းနေဆဲ မြစ်ချောင်းများ၊ ဌာနေတိုင်းရင်းသားနှင့် အခြားမိရိုးဖလာ ရပ်ရွာလူထုများ၏ ပိုင်နက်များတွင် ပတ်ဝန်းကျင် ပျက်စီးစေသည့် ရင်းနှီးမြှုပ်နှံမှုများ “ပပျောက်ရေး” ဒေသများကို ကာကွယ်ပေးသည့် မူဝါဒများကို ကျင့်သုံးခြင်း။ ကာကွယ်ထားသည့် နေရာများကို ထိခိုက်ပျက်စီးစေသည့် အသုံးပြုမှုများနှင့် ဖွံ့ဖြိုးရေးဖိအားပေးမှုများ ရှိ/မရှိကို ဖော်ထုတ်ကာ တွေ့ရှိပါက ရပ်တန့်ပါ။ အစိုးရများအနေဖြင့် တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များကို ပြန်လည်ရုပ်သိမ်းမည့်အစား မြစ်ချောင်းများ၊ ဇီဝမျိုးကွဲစုံလင်မှုနှင့် အများပြည်သူအခွင့်အရေးများကို ကာကွယ်ပေးသည့် မူဝါဒများကို ပိုမိုအားကောင်းလာစေရန် လုပ်ဆောင်သင့်သည်။

Endorse